Monday, September 28, 2020

Business Plan:Company

 ဒီနေ့ကျွန်တော်ရှင်းပြပေးချင်တာကတော့ Business Plan ရဲ့တစ်စိတ်တစ်ဒေသဖြစ်တဲ့ - 🏙 Company 🏙 အကြောင်းပဲဖြစ်ပါတယ်။

-------------------------------

Company🏙 လို့ပြောလိုက်တာနဲ့ သာမန်လူအဖို့အလှမ်းဝေးမယ်လို့ထင်ကောင်းထင်နိင်ပါလိမ့်မယ်။တကယ်တော့မဟုတ်ပါဘူး သာမန်လူတွေလည်းတည်ထောင်နိင်တဲ့စနစ်တစ်ခုပါ။ အကယ်၍လုပ်ငန်းတစ်ခုဟာကျွန်တော်ပြောခဲ့တဲ့ Vision ပေါက်မြောက်ပြီး Mission တွေအောင်မြင်လာပြီဆိုရင်တော့အချိန်ဆွဲမနေပါနဲ့ Core Values လို့ခေါ်တဲ့ Company အတွက်စတင်ဖို့ကြိုးစားလိုက်ပါ။ကုန်ကျစရိတ်တော့များပေမဲ့ပြန်ရမယ့်အကျိုးကလည်းမနည်းပါဘူး။

Company အတွက် Core Values ကိုပထမဆုံးခြေလှမ်းအနေနဲ့တန်ဖိုးထားသတ်မှတ်ပေးရပါမယ်။ဥပမာပြောရရင်ကျွန်တော်တို့ဗုဒ္ဓဘာသာမှာငါးပါးသီလကအရေးကြီးဆုံးဖြစ်သလို ဘာသာတိုင်းတစ်ခုချင်းစီမှာစောင့်ထိနိးရမယ့်ကျင့်ဝတ်တွေရှိသကဲ့သို့ Company တစ်ခုမှာလည်းစောင့်ထိန်းရမယ့်ကျင့်ဝတ်တွေကို သတ်မှတ်ပေးရပါတယ်။ Japan လိုဆို Core Value ကို Credoလို့ခေါ်ပါတယ်။

-------------------------------

🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨

လက်ရှိ စက်တင်ဘာ ၃၀ရက်နေ့ထိ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအား အောက်တိုဘာ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ပါပြီ။

🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨

-------------------------------

ဥပမာထပ်ပြောရရင် Customer Service မှာ စံထားကြတဲ Zappos ရဲ.အောင်မြင်မှုဟာ Core Values ကြောင့် ဖြစ်တယ်လို.ပြောရပါမယ်။ တည်ထောင်သူ Nick Swinmurn ကသူ့လုပ်ငန်းကိုစတင်တာကOnline Shopping အနေနဲ့ပါ။

အဓိကရောင်းတာကတော့ဖိနပ်ပေါ့။ online​​ ​ပေါ်

မှာ ဖိနပ်ဆိုင်ကရိုက်လို့ရသမျှပုံတွေ တင်တယ်။စျေးကိုမှတ်တယ် စျေးကိုမူရင်းစျေးထက်အနည်းငယ်တင်ပြီးရောင်းတယ်၊Order မှာပြီဆိုမှသာသူကတကယ်အဲ့ဆိုင်ကိုသွားတယ်၊ဝယ်တယ်၊ထုပ်ပိုးပြီးမှာတဲ့သူအိမ်ကို အရောက်စာတိုက်မှဖြစ်စေ ကိုယ်တိုင်ဖြစ်စေ တဆင့်ခံဖြစ်စေပို့ပေးပါတယ်။

Nick ကတစ်ပါးသူရဲ့ဝေးလှတဲ့ဆိုင်သို့မဟုတ်ဆိုင်ကိုတောင် သွားဝယ်ဖို့အချိန်မပေးနိင်တဲ့သူတွေရဲ့ဒုက္ခကိုသူကိုယ်တိုင်ဖြေရှင်းရင်းနဲ့မှ companyတစ်ခု​​​ဖြစ် လာသည်အထိ ဖောက်သည်တွေကုန်ကျမယ့်စရိတ်၊ကားခသာသာလောက်သာအမြတ်တင် ရောင်းချခဲ့လို့ Nick ရဲ့ Companyမှ တဆင့်ယုံကြည်ဝယ်ယူအားပေးသူတွေဟာတစ်ဆထက်တစ်ဆပိုမိုများပြားလာပါတယ်။မြန်မာနိင်ငံမှာလည်း OS တွေကိုတွေ့ပါတယ်။ကြိုးစားကြပါတစ်နေ့အောင်မြင်ပြီးCompany ထောင်နိင်မှာပါ။

"မဖြစ်နိင်ဘူးဆိုတာမရှိပါဘူး၊မဖြစ်သေးတာပါ"

------------------------------

#Announcements #Lion

💪Lion💪 အားဖြည့်အချိုရည်နဲ့ဆို.......

ဘာမဆိုဖြစ်နိင်တယ်...✌✌

-------------------------------

ကုမ္ပဏီ၏ Core Value ကို ဘယ်လိုတည်ဆောက်မလဲ Core Value တွေသတ်မှတ်တဲ့အခါမှာအောက်ဖော်ပြထားတဲ့အဓိကသုံးချက်ကို မူတည်ဆောင်ရွက်ရပါတယ်။

1. High-Speed and High-Teach 

2.Inspire and Be Inspire 

3. and Honest Communication စတာတွေပဲဖြစ်ပါတယ်။To be continue.................ညဥ့်နက်သွား၍😁


(အကြံအဉာဏ်ရယူရန်နှင့်ဝန်ဆောင်မူအသေးစိတ်ရယူရန်)


Contact Us☎+959-969-412669


#WaiYanHein #BusinessPlan #Missions

#Day71 #BuildYourBrand #FeelTheProfits

Sunday, September 27, 2020

Business Plan:Mission🕺

 ဒီနေ့ကျွန်တော်ရှင်းပြပေးချင်တာကတော့Business Planရဲ့တစ်စိတ်တစ်ဒေသဖြစ်တဲ့ Mission🕺အကြောင်းပဲဖြစ်ပါတယ်။

-------------------------------------

စီးပွားရေးလုပ်တယ်ဆိုတာမြတ်ဖို့အတွက်သက်သက်ပဲလား။မြတ်ဖို့သက်သက်ဆိုရင်တော့ ရေရှည်တည်တံ့နိင်မှာမဟုတ်ပါဘူး။စျေးကြီးတယ်စျေးများတယ်အရည်သွေးနိမ့်လာတယ်ဆိုပြီးcustomersတွေကြားမှာ

ဝေဖန်ခံရမူမြင့်တက်လာပါမယ်။ဟုတ်ပါတယ် ကုန်ပစ္စည်းတစ်ခုဟာ Qualityကောင်းတယ် စျေးနှုန်းသင့်တင့်တယ် လူသုံးများလာတယ်။ဒါမဆန်းပါဘူး။ဒါပေမဲ့ဆန်းတာက အဲ့ကုန်ပစ္စည်းထဲကတချို့ဟာ ကြာလာလေQuality Control လျော့လာလေဖြစ်တတ်ပါတယ်။

အဓိက ကတော့Mission လိုအပ်နေတာပါ။တချို့ကLong Term Mission ထားပြီးရေကုန်ရေခမ်းကြော်ငြာတယ်။တချို့ကြတော့Short Term Mission ထားပြီးကြော်ငြာတယ်။နှစ်ခုစလုံးကောင်းပါတယ်။

အရည်အသွေးထိန်းသိနိးနိင်မူနဲ့စျေးကွက်ပေါ်ထားတဲ့Missonခံယူချက်လုပ်ဆောင်ချက်အပေါ်မှာပဲမူတည် ပြီးကွာခြားမူတွေဖြစ်လာတာပါ။

-------------------------------------

#အိမ်အပြင်ကိုအတတ်နိင်ဆုံး...

⛔  လုံးဝ မထွက်ဖြစ်အောင်

       ကိုယ့််စိတ်ကိုယ် ထိန်းကြပါ ⛔


💪  အိမ်သားတွေကို သြဇာကြီးတဲ့သူက 

       ပြတ်ပြတ်သားသား စည်းကမ်းချထားပါ 

-------------------------------------

စီးပွားရေးလုပ်ငန်းအများစုဟာ ကိုယ်.အတွက်ကိုယ်ကို အရင်ကြည့်ကြပါတယ်။ စီးပွားရေးလုပ်ငန်းရဲ. အဓိက ရည်ရွယ်ချက်က အမြတ်ဆိုတာမှန်ပေမယ်. ဖောက်သည်တွေကို အရင်မစဉ်းစားပေးရင် ရေရှည်အောင်မြင်ဖို.မလွယ်ပါဘူး။ ဒါပေမယ်. လူအများစုဟာ တစ်ကိုယ်ကောင်းဆန်တဲ. စီးပွားရေးလုပ်ငန်းတွေ၊ တစ်ကိုယ်ကောင်းဆန်တဲ.သူတွေနဲ. မဆက်ဆံချင်ကြပါဘူး။ Mission ဆိုတာကတော. သမိုင်းပေးတာဝန်ပါ။ Mission ကတော. ကိုယ်.အတွက်မဟုတ်ဘူး။ သူတပါးအတွက်ပါ။ သူတပါးရဲ့ဒုက္ခကိုစာနာနားလည်ပေးနိင်တဲ့

သူတွေသာ လိုအပ်ချက်နဲ့ညီတဲ့ကုန်ပစ္စည်းတွေကိုဝန်ဆောင်မူပေးနိင်မှာပါ။အပ်ချူပ်ပြီးအသက်မွေးတဲ့ရွာမှာတော့ အပ်မရောင်းသင့်ဘူးလို့ပြော စရာရှိပါတယ်။

အပ်ချုပ်သမားတွေရဲ့ဒုက္ခကို ခံစားနားလည်သူတွေကတော့ အပ်ချူပ်စက်ထွင်လာတယ်၊ အပ်ချုပ်စက်ကနေမော်တာတပ်ထားတဲ့စက်တွေအထိ တီထွင်လာတယ်။

ကိုယ့်အရပ်ဒေသနဲ့ကိုက်တဲ့ Mission ကိုထားပါ။တပါးသူရဲ့ဒုက္ခနဲ့လိုအပ်ချက်ကိုရှာဖွေပါ။အောင်မြင်ပါလိမ့်မယ်။

-------------------------------------

🚫  ဘယ်မှမသွားပါဖူး...။

🚫  လမ်းထိပ်ခနပါ ....ခနပါနဲ့ !


 ကိုယ့်အိမ် လမ်းထိပ်ဟာ ....

 " Covid ကင်းမဲ့ဇုံ " လို့.... ! ဘယ်သူက

   သတ်မှတ်ပေးထားပါသလဲနော် 😕 

-------------------------------------

ဥပမာ တစ်ခုပေးရရင် Google ရဲ. Mission က ကမ္ဘာပေါ်မှာ ရှိတဲ. သတင်းအချက်အလက်တွေစုစည်းပြီး လူတွေကို အခမဲ.ပေးချင်တာပါ။ နောက်ဥပမာ တစ်ခုက Alibaba ကို တည်ထောင်တဲ. Jack Ma ရဲ. Mission ကတော. စီးပွားရေး လုပ်ငန်းငယ်လေးတွေကို ကူညီပေးချင်တာပါ။ အခုကျွန်တော်တို့အသုံးပြုနေတဲ့Facebookတည်ထောင်သူ မက်ခ်ဇူကာဘက် ကလည်း လူတွေရဲ့အချင်းချင်းအပြန်အလှန်ဆက်သွယ်လိုချင်စိတ်နဲ့ လိုအပ်ချက်အပေါ်ဖြည့်ဆည်းပေးရင်းသူကိုယ်တိုင်အတွက်ပါအောင်မြင်မူကြီးကိုရရှိခဲ့ပါတယ်။

သူသာအဲ့ခေတ်ခါကG-mail လေးကိုပဲတစ် ကမ္ဘာ ထင်ခဲ့ရင်တော့ကျွန်တော်လည်းအခုလိုစာတွေမရေးနိင်တော့ပါဘူး။အရင်လိုတစ်အိမ်တက်တစ်အိမ်ဆင်းလိုက်ကြော်ငြာcompanyတွေကိုခြေတိုအောင်သွားနေရမှာအမှန်ပါပဲ။နိင်ငံရပ်ခြားနဲ့ဆက်သွယ်ရင် လည်းအရင်လိုအင်တာနက်ဆိုင်ကိုပြန်သွားပြီးဖုန်းဆက်နေရပါလိမ့်မယ်။ ဒါကြောင့်ပတ်ဝန်းကျင်ကိုကြည့်ပါ။ လေ့လာနေပါ။သင်ယူနေပါ။Mission တွေချမှတ်ပါ။ 

-------------------------------------💡🔊🔊🔉🔊🔊📢📢📢📢📢📢📣📣📣📣

 နာမည်ကြီးအချိုရည် စက်ရုံပိုင်ရှင်ရဲ့အိမ်ထဲကနေ 

အိမ်ပြင်တောင် မထွက်ပဲ အမြဲနေတဲ့ အမျိုးသမီးဟာ

ကိုယ့်ကားကိုယ်မောင်းပြီး Sg ကနေမှာထားတဲ့ 

H&M အကျီ ထုတ်လေးကို ခနလေး 

သွားယူမိရာကနေ ကူးစက်ခံခဲ့ရပါတယ်။🔎

မဖြစ်မနေ ပစ္စည်းမှာခဲ့ရင်.... !!

🔺 အထုပ်ကို မကိုင်ခင် အရက်ပျံ or hand gel နဲ့ 

🔺 ပစ္စည်းထုပ်ကို အရင်ဖြန်းပါ ပွတ်ပါ။ 

🔺 နေရောင်ထဲ ခနထားပြီးမှ ယူပါ။ 

🔺 လာပို့တဲ့ delivery သမားနဲ့ ဝေးဝေးနေပါ။ 

ပြန်အမ်းငွေ မယူရအောင် ငွေကို

အတိအကျပေးနိုင်အောင် ပြင်ထားပါ။🔔

-------------------------------------

စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်ရတာ မလွယ်ပါဘူး။ တခါတလေ မြတ်မယ်။ တခါတလေ ရှုံးမယ်။ ဒီလောကဓာတ်တွေကို ခံရတဲ.အခါ ငါ့ဖို့ဘဲ ကြည်.တာထက် ကိုယ်ဘာကြောင်.စီးပွားရေး လုပ်နေတယ်ဆိုတဲ. Mission လေးကို သိထားရင် အောင်မြင်ဖို. ပိုကျိန်းသေပါတယ်။

Mission တစ်ခုကို ဘာတွေထည်.ရေးရမလည်း? 


🕺 Mission ဆိုတာ Why ပါ။ ကိုယ်ဘာကြောင်.စီးပွားရေးလုပ်လည်းဆိုတဲ. ရည်ရွယ်ချက်။


👨‍💼 ကိုယ်.ဖို.မဟုတ်။ ကိုယ်. customer သို. ပတ်ဝန်းကျင်အတွက်ပါ။


👩‍🏫. Company ရဲ. ရည်မှန်းချက်ပန်းတိုင်နဲ. မဟာဗျူဟာများဟာ Mission ကလာပါတယ်။


👁Vision Vs Mission👩‍🏫

-Vision က ကိုယ်သွားချင်တဲ. လမ်းကြောင်းပါ။ ဥပမာ W.Y.H Learning Center သည် မြန်မာနိုင်ငံမှာ သင်ယူမှု နဲ.ပတ်သက်လာရင် တီထွင်ဆန်းသစ်မှု အရှိဆုံး သင်တန်းကြောင်းတစ်ခုဖြစ်ရမည်။ Mission က သူများအတွက်ပါ။ Transforming Lives  Everyday. လူသားတွေရဲ.ဘဝကို တီထွင်ဆန်းသစ်တဲ. သင်ကြားမှုတွေနဲ. နေ.စဉ်ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်။

အကြံအဉာဏ်ရယူရန်နှင့်ဝန်ဆောင်မူအသေးစိတ်ရယူရန်


Contact Us☎+959-969-412669


#WaiYanHein #BusinessPlan #Missions

#Day71 #BuildYourBrand #FeelTheProfits

Business Plan:Vision👁

 ကျွန်တော်တို့ရဲ့ဝန်ဆောင်မူလုပ်ငန်းဖြစ်တဲ့

Business Plan (15)ချက်ထဲက Vision အကြောင်းကိုဒီနေ့ရှင်းပြပေးချင်ပါတယ်။👀

👁Vision👁

လူရယ်လို့ဖြစ်လာရင်အမေအဖေမွေးပေးကတည်းက

ကန့်သတ်ချက်တွေပါလာပါတယ်။အဲ့တာတွေကတော့အရင်ဘဝကပြုခဲ့တဲ့ကုသိုလ်၊အကုသိုလ်နဲ့ပဲဆိုင်ပါလိမ့်မယ်။

-------------------------------------


ဒါပေမဲ့မိဘအုပ်ထိန်းမှုအောက်ကလွတ်တာနဲ့ကန့်သတ်ချက်တွေပျောက်သွားမယ်၊ပိုအောင်မြင်လာမယ်လို့ဆယ်ကျော်သက်တွေအမြဲတွေးတတ်ကြပါတယ်။အိမ်ကထွက်မယ်ကွာလုပ်မယ်ကွာ၊ချမယ်ကွာနဲ့အပြင်ရောက်မှအဆောင်ငှားနေစရိတ်၊စားသောက်မူစရိတ်စသည်ဖြင့်စရိတ်ပေါင်းများစွာနဲ့ရင်ဆိုင်ရကြတယ်။အဓိကပြောချင်တာက Vision အမြင် လူတိုင်းကြိုးစားရင်ဘာမဆိုဖြစ်နိင်တယ်ဟုတ်ပြီမှန်တယ်ထောက်ခံတယ်။ကြိုးစားပုံချင်းမှာကွာသွားနိင်သလို၊ကံပေါ်လိုက်ပြီးလည်းကြာသွားနိင်တယ်။သူလုပ်ရင်ဖြစ်တယ် ငါလည်းလုပ်နိင်တယ် လုပ်ကြည့်တယ် ရှုံးနိမ့်တယ်ပြန်ထတယ် ထပ်ကြိုးစားတယ်ဆိုလူတော်ပေါ့ဒါပေမဲ့အမြင်တစ်ခုထဲနဲ့တော့ဖြစ်နိင်တယ်လို့တော့တွေးလို့မရဘူး။  တကယ်တမ်းပြောရရင်အမြင်မမှန်သေးတာပါ။

-------------------------------------


American Vision ကိုသွားပါဝါစစ်မျက်မှန်ဝယ်ချက်ခြင်းအမြင်ကြည်လာပေမဲ့ စီးပွားရေးအမြင်ကတော့အဲ့လိုချက်ခြင်းလုပ်ယူလို့တော့မရရပါဘူး။ ဒါ့ကြောင့်ကြည့်ပါ၊လေ့လာပါ၊သင်ယူပါ၊ဘယ်တော့မှအလျော့မပေးပါနဲ့၊ဘောင်တွင်းကနေပဲကြည့်မနေပါနဲ့ဘောင်ပြင်ထွက်ကြည့်ပါဒါဆို ဘယ်လုပ်ငန်းဘယ်ကိစ္စလုပ်လုပ်သူတကာထက်သာလွန်ပြီးအောင်မြင်မူရမှာသေချာပါတယ်။

ကျွန်တော်အဘိုးကပြောလေ့ရှိတဲ့စကားလေးတစ်ခွန်းရှိပါတယ်။အဘိုးကတော့ပါဠိလိုပြောတာပါ။ဘာသာပြန်ရရင်"အကြောင်းကြောင့်အကျိုးဖြစ်တယ်။"

-------------------------------------

ဗိုက်ဆာလို့ထမင်းစားတယ်။တကယ်မှန်တယ်နော်😁 အကြောင်ရင်းကဗိုက်ဆာတယ်။အကျိုးက ထမင်းစားဖို့ပြင်တယ်စားတယ်။အဲ့မှာအမြင်လိုလာပြီ ဘာလေးနဲမှစားချင်တာတို့၊ဟင်းရေသောက်လေးပါမှမြိန်တာတို့၊ငပိရေအတို့အမြုပ်လေးမှလို့စသည်ဖြင့်လိုအင်ဆန္ဒကြောင့်အမြင်ဖြစ်ပေါ်လာတယ်စိတ်သဏ္ဍန်မှာပေါ်လာတယ် စားချင်တာကိုဝယ်တယ်ချက်တယ်ဖြစ်အောင်လုပ်တယ်။အဲ့အပေါ်လိုက်ပြီးမှကိုယ့်အမြင်ကျယ်လာတယ်။အတို့အမြုပ်စားလို့ရမယ့်အပင်တွေစိုက်တယ်၊ပိုတာရောင်းတယ်၊ကုသိုလ်လဲရဝမ်းလဲဝပေါ့။မြန်မာနိင်ငံမှာအမြင်ရှိပြီးကိုယ်အိမ်အတွက်လည်းစိုက် ပိုလျှံတာပိုလည်းပြန်ရောင်းချပြီးစီးပွားဖြစ်နေတဲ့လယ်သမားတွေအများကြီးပါ။ဒါပေမဲ့....Business Plan ထဲကအမြင်တစ်ချက်သိပြီး

-------------------------------------


(၁၄)ချက်ကိုမသိသူလယ်သမားအချို့ ကတော့စပါးပေါ်ပျော် ဆိုင်ကယ်ဝယ်၊အသီးအနံပေါ်ပျော် ကားလေးဝယ်၊ အထွက်တိုး တော့ပြုံး ပြီးတော့အလှူတွေပေးနေကြတော့ ကျွန်တော်တို့ဗုဒ္ဓဘာသာအမြင်အရဆိုလှူတာကိုအားပေးပါတယ်။

(ကျွန်တော့်ဘုန်းဘုန်းအရှင် U Aw Bar UawbarUAwbကမိန့်ဖူးပါတယ်။

ဒကာကြီး က ၁၀၀ လှူချင်ရင် ဒကာကြီးအိတ်ထဲမှာ ၁၀၀

ပါမှသာလှူလို့ရတယ်။အဲ့ဒီ ၁၀၀ ဆိုတာကလည့်ကိုယ့်အမေပေးလိုက်တဲ့စျေးဝယ်ဖို့ချွေးနဲစာလေးလို့သဘောထားကြည့် ဟုတ်ပြီ စကားပုံအရမလှူလို့မရှိမ​​​ဖြစ် အောင်လှူမယ်တဖက်သားအဆင်ပြေမယ် ကိုယ်အဆင်မပြေဘူးဆိုရင်တော့စိတ်သံယောဇဥ်မပြတ်တဲ့အလှူမျိုးကပိုပြီးဒုက္ခကြီးပါတယ်တဲ့။

အဲ့တော့ပိုရင်လှူမပိုသေးရင်စု​ကာရင်းနီးမြုပ်နှံသင့်ပါတယ်။

လောကီရေးရာမျက်စိကောလောကုတ္တရာရေးရာမျက်စိပါရှိသင့်ပါတယ်လို့အမြဲမိန့်ကြားပါတယ်။)ကိုယ့်စီးပွားရေး လုပ်ငန်းဟာ နောက် ငါးနှစ်နေရင် သို. ဆယ်နှစ်နေရင် ရောက်မည်. အမြင်ကို စစဉ်းစားရပါမယ်။ ဥပမာ Microsoft ကို စတင်တည်ထောင်ခါစက Bill Gate ရဲ. Vision ဟာ အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပြူတာ တစ်လုံးစီရှိရမယ်။ ကွန်ပြူတာတိုင်းမှာ Microsoft Windows ရှိရမယ်။ အခုဆိုရင် Microsoft Vision အတိုင်း ဖြစ်လာတာ ကျွန်တော်တို.တွေ မငြင်းနိုင်ပါဘူး။

Vision တစ်ခုရေးတဲ.အခါ 


၁။ ငါးနှစ်နဲ. ဆယ်နှစ်ကြားကို အာရုံထားရမယ်။


၂။ အောင်မြင်မှုကို အာရုံစိုက်ထားပါ။


၃။ ပစ္စပ္ပန် မှာ  ဖြစ်နေသကဲ.သို.ရေးပါ။ လိမ်.မယ်ဆိုတာမျိုးမရေးပါနဲ.။ ဥပမာ အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပြူတာ တစ်လုံးစီရှိရမယ်။ 


၄။ ရှင်းရှင်းလင်းလင်းဖြစ်အောင်ရေးပါ။ 


၅။စိတ်ခံစားမှုပါ ဖြစ်နိုင်ရင်ထည်.ရေးပါ။ 


၆။ဦးနှောက်တွင်ပုံဖော်ကြည့်ပါ။


၇။ ️ ကိုယ်.ဝန်ထမ်းတွေကို ပြောပါ။ 


၈။ ကျွန်တော်တို. Vision ကို အကောင်ထည်ဖော်ဖို. လိုအပ်တဲ. resources တွေစုဆောင်းပါ။

လူကြီးမင်းတို့ရဲ့ကုန်ပစ္စည်းများထိုးဖောက်နိင်ရန်ဝန်ထမ်းများကိုVisionထည့်ပေးပါ။နှီးနှောတိုင်ပင်ဆွေးနွေးရန်နှင့်

ဝန်ဆောင်မူအသေးစိတ်သိလိုပါကဆက်သွယ်ရန်..

Contact Us ☎+959-969-412669


#WaiYanHein #Business #Plan #Vision

#Day70 #BuildYourBrand #FeelTheProfits

Business Plan👩‍🏫

 မိတ်ဆွေသင့်လုပ်ငန်းတိုးတက်ရေးအတွက်အရေးကြီးတဲ့

Business Planတစ်ခုရေးတော့မယ်ဆိုလိုအပ်တာတွေက

1. Vision 

2. Mission

3. Company

4. Customers

5. Channel

6. Competitors

7. Positioning map

8. External Business Environment Analysis

9. Internal Business Analysis

10. Strategy Formulation

11. Organizational Structure

12. Strategic implementation

13. Financial Projections

14. Action Plan

15. Contingency plan စတဲ့ခေါင်းစဥ်၁၅ခုနဲ့စရမှာဖြစ်ပါတယ်။အခုလိုကာလမှာ Online Shopping လုပ်သူတွေပိုမိုများပြားလာပါတယ်။လူတိုင်းလုပ်နိင်ကြိုးစားနိင်တဲ့ဝယ်ရောင်းစျေးကွက်ဆိုလည်းမှားပါဘူး။သို့ပေမဲ့ဘယ်ကုန်ပစ္စည်းမဆိုကန့်သတ်ချက်ထားလို့မရပါဘူး။

ရောင်းလိုအားနဲ့ဝယ်လိုအားညီမျှမှသာစျေးကွက်တစ်ခုကုန်ပစ္စည်းတစ်ခုကိုခိုင်မာတည်တံ့စေမှာပါ။

-------------------------------------

#Announcements #WYH

#အိမ်မှာနေပါ။#သင့်မိသားစုကိုကာကွယ်ပါ။

-------------------------------------

မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတစ်ခုဟာစျေး​ကွက်သို့မိမိပတ်ဝန်းကျင်မှာဘယ်လောက်ပဲကြော်ငြာနေပါစေ

Business Plan နဲ့ Business Management ကိုထည့်မစဥ်းစားရင်တော့လူကြီးမင်းတို့ရဲ့လုပ်ငန်းဟာအမြတ်ရသော်လည်းငွေမတင်ဖြစ်နေပါလိမ့်မယ်။ဒါ့ကြောင့်ငွေတင်အမြတ်ဝင်ပြီးရောင်းကုန်တွေအရောင်းသွက်စေဖို့

ကျွန်တော့်တို့ကိုအမြန်ဆုံးဆက်သွယ်ပြီးလူကြီးမင်းတို့ရဲ့ကုန်ပစ္စည်းများကိုPlanများချမှတ်ပြီးစျေးကွက်ထိုးဖောက်လိုက်ပါ။

-------------------------------------

#Announcements #WYH

#အပြင်သွားလျှင်Maskတပ်ပါ။#အပြင်မှပြန်လာတိုင်းအရာဝတ္တုတစ်ခုခုနှင့်ထ်ိတွေ့မိတိုင်းလက်ဆေးပါ။

-------------------------------------

ကျွန်တော့်ကျောင်းသားများကိုပြောလေ့ရှိတဲ့စကားနဲ့ပြောရရင် စာကျက်ဖို့Plan ဆွဲပြီးဂုဏ်ထူးများကိုရယူလိုက်ပါ။တကယ်တမ်းPlan ဆိုတာကဦးနှောက်ကဖြစ်တည်လာတဲ့ ကာယကံရှင်ရဲ့အားထုတ်မူ၊လိုချင်တပ်မက်မူနဲ့ပဲဆိုင်တာပါ။ဆရာဆိုတာကတော့ဘေးကနေ စာကျက်ဖို့စိတ်မပါပါအောင်တွန်းအားပေးပြီး စာကျက်ချင်စိတ်၊ကြိုးစားချင်စိတ် တို့ကိုအပြည့်ထည့်သွင်းပေးနေသူပါ။ဒီတိုင်းပါပဲ လုပ်ငန်းတစ်ခု သို့ ကုန်ပစ္စည်းတစ်ခုကိုဝယ်ချင်လာအောင်၊သုံးချင်လာအောင်ကိုယ့်ရဲ့အရည်အသွေးကိုစနစ်တကျချပြမှသာယုံကြည်စိတ်ချရတဲ့ကုန်ပစ္စည်းတစ်ခုဖြစ်လာမှာပါ။ 

Contact Us☎+959-969-412669

#WaiYanHein #Business #Plan #Advertising

#Day69 #BuildYourBrand #FeelTheProfits