Sunday, November 29, 2020

 မိတ်ဆွေ သူငယ်ချင်းနှင့်ဆွေမျိုးများအားလုံးသည်ယ​နေ့တန်ဆောင်မုန်းလပြည့်နေ့ (သို့) သာမညဖလ အခါတော်နေ့ (သို့) သံဃာတော်များနေ့ မှစ၍ နောင်နှစ်ပေါင်းများစွာအထိကျန်းမာ၊ချမ်းသာပြီးဘေးရန်အပေါင်းမှကင်းဝေးကာလုပ်ငန်းကိစ္စအဝဝတိုးတက်အောင်မြင်ကြပါစေ၊လိုအင်ဆန္ဒများလည်းတလုံးတဝထဲပြည့်ဝကြပါစေ။

အဘွားကွယ်လွန်သည့် ရှစ်လပြည့်သည့် ယနေ့တွင်ပြုပြုသမျှကောင်းမှူကုသိုလ်အဝဝကိုလည်းအဘွားနဲ့တကွလူနတ်သတ္တဝါဗြဟ္မာအပေါင်းတို့အားအမျှမေတ္တာပေးဝေပါသည်။ အမျှ အမျှ အမျှ...🙏🙏🙏

 📌 ကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြပေးချင်တာကတော့ Online Shopping လုပ်နေတဲ့ညီအကိုမောင်နှတွေနဲ့ အန်တီ၊ဒေါ်ဒေါ်တို့တွေကို ကြည့်လိုက်တဲ့အခါ သူတို့အားလုံးပိုင်ဆိုင်ထားတဲ့ လက္ခဏာရပ်တစ်ခုကို သတိပြုတွေ့မြင်ရတဲ့အချက်ကလေးတွေပါ။အခုမှစလုပ်မယ့်သူတွေဆိုရင်တော့နည်းလမ်းကောင်းတစ်ခုသို့အကြံအဥာဏ်တစ်ခုတော့ရသွားစေချင်ပါတယ်။🔏(၄)

-------------------------------------

📝 ပထမအချက်ကတော့ စိတ်ရှည်ခြင်းပဲဖြစ်ပါတယ်။ မြန်မာစကားမှာလည်း “စိတ်ရှည်သီးခံ လမ်းကြောင်းမှန်”ဆိုတဲ့အတိုင်း Online ပေါ်တင်လိုက်တိုင်းရောင်းထွက်ဖို့ရာခိုင်နှုန်းနည်းသလို အခုပြောတဲ့ စကားလို စိတ်ရှည်သီးခံပြီးရေရှည်သွားနိင်မှသာအောင်မြင်မူလမ်းကြောင်းပေါ်ရောက်မှာပါ။

📝 ဒုတိယအချက်ကတော့ ရည်မှန်းချက်ပန်းတိုင်အသေးစားလေးတွေတစ်ခုစီချမှတ်ထားကြတာပါပဲ။"တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ" ဆိုတဲ့အတိုင်းတစ်နေ့တစ်လံသွားမယ်တစ်လကြာရင်ဘယ်နှစ်မိုင်ရောက်ရမယ်၊သုံးလကြာ၊လေးလခြောက်လကြာရင်ခရီးဘယ်လောက်ရောက်ပြီးဖြစ်ရမယ်ဆိုတဲ့ရည်မှန်းချက်အသေးစားလေးတွေချမှတ်ပါ။

📝 တတိယအချက်ကတော့ဆရာJack ma နဲ့ပြောင်းပြန်အဓိပ္ပါယ်ဖွင့်ဆိုချက်ပါ။ဆရာJack maပြောကြားချက်ကတော့ "မိတ်ဆွေသူငယ်ချင်း အရင်းတွေ၊ မိသားစုဝင်တွေကို ဈေးရောင်းတဲ့အခါ သင်ဟာ သူတို့ကို ဘယ်လောက်ဈေးနဲ့ဘဲ ရောင်းရောင်း သူတို့စိတ်ထဲမှာ သင်ဟာ သူတို့ရဲ့ ပိုက်ဆံ ရဖို့လောက်သာ ကြိုးစားနေတယ်လို့ ထင်ပါတယ်၊ သူတို့ကို ဘယ်လောက်ဘဲ ဈေးသက်သက်သာသာနဲ့ဘဲ ရောင်းရောင်း သူတို့က အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။"ဒီအချက်ကများသောအားဖြင့်မှန်ပေမဲ့ ရောင်းအားကောင်းတဲ့OS တွေရဲ့စစ်တမ်းကောက်ယူချက်အရတော့ကိုယ့်မိသားစုဆွေမျိုးတွေကိုရောင်းချသင့်ပါတယ် ၊သူတို့တွေကသာကိုယ့်ရဲ့အမာခံဖောက်သည်တွေဖြစ်သလို့ကိုယ့်ရဲ့ ကြော်ငြာဘုတ်တွေပါပဲလို့ဆိုပါတယ်။

📝 စတုတ္ထအချက်ကတော့ဖိအားနှင့် တွန်းအား

အကြောင်းကြောင့်ပိုပြီးအောင်မြင်လာကြပါတယ်။ဖိအားနှင့် တွန်းအားဆိုတာကတော့

အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် 

အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတဲ့အကြောင်းကြောင့် မည်သည့်လုပ်ငန်းမဆိုဖိအားရှိမှသာထိုဖိအားကိုတွန်းအား

အဖြစ်အသုံးချနိင်မှသာအောင်မြင်တဲ့Osဖြစ်မှာပါ။တွေ့ကြုံလာရတဲ့ပြဿနာတွေကိုရှောင်မပြေးပဲအခွင့်အလမ်းလို့သဘောထားပြီးဖြေရှင်းပါ။

📝နောက်ဆုံးအချက်ကတော့အပြင်ကလာတဲ့အားတွေပြဿနာတွေက ဖိအားတွေဖြစ်ပြီး 

အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေဖြေရှင်းချက်တွေက ကြီးပြင်းရှင်သန်မှုပါ။

ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ်သို့ ကြိုးစားထားသမျှသဲထဲရေသွန် ဖြစ်သွားမှာသေချာပါတယ်။

ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာခြင်းနဲ့အတူအောင်မြင်မူပန်းတိုင်ကိုရောက်ရှိနိင်မှာပါ။

(အကြံအဉာဏ်နှင့်ဝန်ဆောင်မူအသေးစိတ်ရယူရန်)

Contact Us☎+959-969-412669


#WaiYanHein #BusinessPlan 

#OnlineShopping #Day89

#BuildYourBrand #FeelTheProfits

 📌 ကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြပေးချင်တာကတော့ Online Shopping လုပ်နေတဲ့ညီအကိုမောင်နှတွေနဲ့ အန်တီ၊ဒေါ်ဒေါ်တို့အတွက်ပါ။🔏(၃)

-------------------------------------

ကုန်ပစ္စည်းကိုကိုယ်ကမှီခိုပြီးရောင်းတာမဟုတ်ပါဘူး၊ ကုန်ပစ္စည်းကကိုယ့်ကိုမှီခိုပြီးအရောင်းချခံနေတာပါ၊ဒါကြောင့် OS တွေအကုန်လုံးသည်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအချိန်ကြာလာလေမလျော့သောဇွဲနဲ့ ရပ်တည်နိင်လေယုံကြည်ရတဲ့ Brand တစ်ခုအဖြစ်မိတ်ဆွေသူငယ်ချင်းများကြားမှာထာဝရတည်ရှိနေမှာပါ။ကိုယ်ပိုင် Brand ​ဖြစ်တဲ့ကိုယ်ပိုင်နာမည်နဲ့ရူပါ ကိုပါအသုံးပြုပြီးကုန်ပစ္စည်းကိုရောင်းချနေတဲ့အတွက်ကြောင့် ရောင်းချရတဲ့အကြောင်းအရင်းတွေမှာ ကိုယ့်ရဲ့ဆက်ဆံရေးကောင်းမွန်မူ၊ မိတ်ဆွေပေါများမူတွေကအဓိကကျပါတယ်။ ကိုယ်ပိုင်နာမည်Brandတစ်ခု Online နယ်ပယ်မှာနေရာရလာတဲ့အခါကိုယ်ရောင်းတဲပစ္စည်းကိုအရည်အသွေးကောင်းတာမျိုးပဲရွေးရောင်းသင့်ပါတယ်၊ဒါကြောင့်ဒီပစ္စည်းရောင်းမကောင်းရင် နောက်တစ်ခုပြောင်းပြီးရောင်းပါ၊ကိုယ်ရောင်းနေတဲ့ပစ္စည်းကိုကြော်ငြာနေတာမဟုတ်ပါဘူးကိုယ်ပိုင်online အရောင်းဆိုင် Alibaba အသေးစားလေးစတင်တည်ထောင်နေခြင်းဖြစ်ပါတယ်။

(အကြံအဉာဏ်နှင့်ဝန်ဆောင်မူအသေးစိတ်ရယူရန်)

Contact Us☎+959-969-412669


#WaiYanHein #BusinessPlan 

#OnlineShopping #Day88

#BuildYourBrand #FeelTheProfits

 📌 ကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြပေးချင်တာကတော့ Online Shopping လုပ်နေတဲ့ညီအကိုမောင်နှတွေနဲ့ အန်တီ၊ဒေါ်ဒေါ်တို့အတွက်ပါ။

-------------------------------------

Onlineမှာ အမြင့်ဆုံးသောအောင်မြင်မှု၊ရောင်းအားတိုးတက်မူ တွေ ရချင်တဲ့သူတွေအဖို့မိမိကိုယ်ကိုစည်းကမ်းချက်အချို့ချမှတ်ထားသင့်ပါတယ်။

ကိုယ်ပိုင်နယ်ပယ်တစ်ခုဆီမှာအောင်မြင်နေတဲ့သူအများကြီးရှိကြပါတယ်။သူတို့တွေထဲကမှ ထက်ထက်မိုးဦးလိုစျေးကွက်ကျယ်ပြန့်ချင်ပါသလား ရပါတယ် သူမလိုငယ်ရွယ်တဲ့အချိန်မှာကိုယ့်ကိုယ်ကိုခါးသီးတဲ့စည်းကမ်းချက်တွေချမှတ်၊တခြားမိန်းကလေးတွေထက်ပိုကြိုးစားပြီးနာမည်တလုံးတည်းနဲ့ကြံကြံခိုင်ရပ်တည်နိင်ရင်ဘာသာတရားနဲ့အလှူဒါနများများပြုလုပ်နိင်ရင် သူမလိုအသက်အရွယ်မှာ အောင်မြင်ပေါက်ရောက်နိင်မှာပါ။

ဘာကြောင့်လဲဆိုတော့Os သို့အောင်မြင်ကျော်ကြားတဲ့စီးပွားရေးလုပ်ငန်းရှင်သို့အနုပညာရှင် တွေရဲ့နောက်ကွယ်မှာ ခါးသီးတဲ့ စည်းကမ်းတွေရှိပါတယ်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပြီး ဆန္ဒကို သိက္ခဏာနဲ့ထိန်းသိမ်းတတ်တဲ့သူတွေ၊ စိတ်ကူးအိပ်မက်ကြီးကြီးမားမားပိုင်ဆိုင်ထားတဲ့ သူတွေဟာ တစ်ချိန်မှာတော့ တကယ့်ကို လျှမ်းလျှမ်းတောက်အောင်မြင်တဲ့သူတွေ ဖြစ်လာပါတော့တယ်။ဒါကြောင့်ကိုယ့်ကိုယ်ကိုပြန်တွေးပါ လိုအပ်တာကိုပြုပြင်ပါ ပီမိုးနင်းလိုတတ်ကျမ်းတွေများများဖတ်ပေးပါ ဘဝမှာပြန်မရနိင်တော့တာအချိန်နဲ့မိဘဆိုတာကိုနှလုံးသွင်းပြီးကိုယ့်မိသားစုအတွက်တွေးပြီးကြိုးစားပါ။ရောင်းရတဲ့ဝင်ငွေထဲကလိုတာသုံး ပိုတာစုပြီးသဒ္ဓါပေါက်ရင်လှူပါ၊ မိမိကိုယ့်ကိုမကြိုက်တဲ့အချက်အလက်တွေစာရွက်တစ်ရွက်ပေါ်ချရေးပြီးလေယာဥ်ပျံလေးလုပ်ပြီးလွှတ်လိုက်ပါ။ကိုယ့်ဆီကအားပေးနေကြဖောက်သည်တွေ ဝယ်သူတွေနဲ့အဆက်အသွယ်မပျက်ပါစေနဲ့။နေတိုင်းသာကြောင်းမာကြောင်းပြောပါ။Fb page ကနေကြော်ငြာရင် Boost ကိုတက်နိင်သလောက်ရတဲ့အမြတ်ထဲကလုပ်ပါ၊ Fb acc ကနေကြော်ငြာရင်တော့ သူငယ်ချင်းအသိတိုးပွားလာအောင်ကြိုးစားပါ၊ Hobbies ကိုအနည်းဆုံး၁၀ခုအောက်ပဲထားပါ၊ တစ်နေ့ထဲမှာကိုယ်နဲ့မဆိုင်တဲ့အကြောင်းအရာကိုနှစ်ခါသုံးခါထက်မနည်းမ shareပါနဲ့ဘာလို့လဲဆိုတော့အဲ့နေ့မှာ ကိုယ်ကြော်ငြာထားတဲ့ အရောင်းပိုစ်ကိုဝယ်သူ​တွေ

မ​မြင်ရဘဲshare ထားတာပဲတွေ့ခဲ့ရင်အဲ့နေ့မှာရောင်းအားကထင်သလောက်တက်မယ်လို့မထင်ပါ၊အရောင်းပိုစ့်တင်တဲ့နေ့မှာ ကိုယ်နဲ့ဆိုင်တဲ့ကိစ္စတင်တာမှလွဲပြီးကျန်တာလျော့ပေးပါ။

👇👇ပထမအပိုင်းမဖတ်ရသေးသူတွေအတွက်ပါ👇👇


https://m.facebook.com/story.php?story_fbid=2446028299035307&id=100008844818046


(အကြံအဉာဏ်ရယူရန်နှင့်ဝန်ဆောင်မူအသေးစိတ်ရယူရန်)

Contact Us☎+959-969-412669


#WaiYanHein #BusinessPlan 

#OnlineShopping #Day87

#BuildYourBrand #FeelTheProfits

 📌 ကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြပေးချင်တာကတော့ဘယ်လုပ်ငန်းမျိုးမဆိုပိုပြီးတိုးတက်အောင်မြင်ရန် Evaluation လုပ်ဖို့လိုအပ်တဲ့အကြောင်းပဲဖြစ်ပါတယ်။

Evaluation ကတော့လုပ်ငန်းတစ်ခုကိုတစ်လတစ်ကြိမ်၊ ၃ လတစ်ကြိမ်၊ ၆ လတစ်ကြိမ်မျိုး အနုလုံပဏ္ဍိလုံ စစ်ဆေးတာမျိုး၊ ပြန်လှန်သုံးသပ်တာမျိုးလုပ်ပေးတာပါ။

-------------------------------------

<<<<<Evaluation လုပ်ရင်အချက် ၆ချက်ပေါ်မူတည်ပြီးဆန်းစစ်ရပါတယ်။>>>>>>

Relevanceဆီလျော်မှု(OSမှာဆိုကိုယ်ရောင်းတဲ့ပစ္စည်းသို့ကိုယ့်ဆိုင်နဲ့ဘယ်သူတွေကဆီလျော်မူရှိပြီးသဘောကျတဲ့ဖောက်သည်ဘယ်နှစ်ယောက်ရှိလဲ)

-Idequacy လုံလောက်မှု(OSမှာဆိုကိုယ်ရောင်းတဲ့ပစ္စည်းသို့ကိုယ့်ဆိုင်ရဲ့ဝန်ဆောင်မူပေးခြင်းကဘယ်အတိုင်းအတာထိထိရောက်သလဲ)

-Progressတိုးတက်မှု(ဝန်ဆောင်မူပေးပြီးသုံးလအတွင်းမှာဘယ်လောက်တိုးတက်မူရှိသလဲ)

-Efficiencyစွမ်းဆောင်နိုင်မှု(ကိုယ့်ဆိုင် ရဲ့တပ်သား သို့ တပည့်တွေရဲ့အရည်အသွေးစွမ်းဆောင်နိင်မူ ယဥ်ကျေးဖော်ရွေမူ စိတ်ရှည်မူ)

-Effectiveness ထိရောက်မှု/အကျိုးရှိမှု(ကိုယ့်ရဲ့စည်းကမ်း၊အချက်အလက်တွေကအခုသုံးလို့အဆင်ပြေနေပေမဲ့ အခုခေတ်နဲ့ဆီလျော်မူမရှိတဲ့အချက်ဒါမှမဟုတ်ထိရောက်မူရှိမရှိအကျိုးရှိမရှိ)

 -Impact အဆုံးစွန်ဆုံး အကျိုး သက်ရောက်မှု(ကိုယ့်ကိုကိုယ်အကုန်ပြန်လည်ပြင်ဆင်သုံးသပ်ပြီးရင်တော့အဆုံးသတ်ရလဒ်ကအကောင်းဘက်ကိုအလေးသာပြီးသူမတူအောင်အကျိူးထူးမှာသေချာပါတယ်။ဒီအချက်တွေပေါ်မူတည်ပြီးကိုယ့်ရဲ့ရည်မှန်းချက်၊ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုဘာတွေဖြစ်ရမယ်။ ဘယ်အတိုင်းအတာထိရောက်ရမယ်။ ရှေ့ဆက်ပြီးဘာတွေလုပ်ရမယ်၊ ဘာတွေပြုပြင်ရမယ် စသည်ဖြင့် ခြုံငုံသုံးသပ်တာကို Evaluationလုပ်တာလို့ပြောလို့ရပါတယ်။

ဒါကြောင့်လုပ်ငန်းမည်သည့်နယ်ပယ်မျိုးတွင်မဆိုအမြဲတမ်းကိုယ့်ကိုကိုယ် Evaluation လုပ်သင့်၊ဆန်းစစ်သင့်ပြီး အမြဲ Version မြှင့်နေမှ Updateလုပ်ထားမှသာခေတ်နဲ့အမှီရင်ပေါင်တန်းကာစီးပွားရေးလုပ်ငန်းများဒီရေအလားတိုးတက်မှာဖြစ်ပါတယ်။ Version နိမ့်နေတယ်ဆိုရင်တော့စျေးကွက်မှာထင်သလောက်မပေါက် Demand နဲ့  Supply မညီ၊ ရောင်းအားပါကျလာတယ်ဆိုရင်တော့ဘာမှမစဥ်းစားနေပါနဲ့ကျွန်တော်တို့နဲ့ဆက်သွယ်လိုက်ပါ။အလန်းစား Business Plan တွေနဲ့အားပေးကြမ်းတဲ့ customers တွေကိုရှာဖွေပေးပြီး အဖိုးထိုက်တဲ့အကြံအဉာဏ်တွေကိုအမြဲဝန်ဆောင်မူပေးနေပါတယ်။မိတ်ဟောင်းများကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်။မိတ်သစ်များကိုလည်းအမြဲကြိုဆိုလျှက်ပါ။

သင်ကြားပေးခဲ့သောဆရာဆရာမများအားလုံးကိုကျေးဇူးတင်ဦးထိပ်ထားလျှက်ပါ🙏🙏။

(အကြံအဉာဏ်ရယူရန်နှင့်ဝန်ဆောင်မူအသေးစိတ်ရယူရန်)

Contact Us☎+959-969-412669


#WaiYanHein #BusinessPlan #Evaluation  #BuildYourBrand #FeelTheProfits

 📌 ကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြပေးချင်တာကတော့ PEST analysis အကြောင်းပဲဖြစ်ပါတယ်။PEST analysis ဆိုတာကအတိုကောက်ခေါ်ဝေါ်ချက်တစ်ခုပါ။

-------------------------------------

စက်ရုံအတွင်းလုပ်ဆောင်နေတဲ့ ဓလေ့တွေကလုပ်ငန်းသို့ company သို့ လုပ်ငန်း တစ်ခုအောင်မြင်ဖို့ အများကြီးအရေးပါသလို အပြင်ကအကြောင်းအရာတွေကလည်း အရေးကြီးပါတယ်။ ဒီအကြောင်းအရာအချက်အလက်တွေက ကိုယ့်စီးပွားရေးရဲ့ ဘယ်လိုနေရာတွေမှာအရေးပါနေသလဲဆိုတာကိုတော့<<< PEST>>>

Political, Economic, Social and Technological <<<Analysis နဲ့လေ့လာသုံးသပ်လို့ရတယ်။>>>

 -------------------------------------

👉 P_____POLITICAL

ဒါကတော့ အစိုးရချမှတ်ထားတဲ့ တရားဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေက Business တစ်ခုကို အမြတ်ရစေနိုင်လား၊ အောင်မြင်စေနိုင်ရဲ့လားဆိုတာကို ဆန်းစစ်ရပါမယ်။ နိုင်ငံရေးတည်ငြိမ်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ၊ လုံခြုံရေးဆိုင်ရာဥပဒေတွေနဲ့ ကုန်သွယ်ရေးဆိုင်ရာဥပဒေတွေကို လေ့လာဆန်းစစ်ရပါမယ်။

👉 E____ECONOMIC

စီးပွားရေးတိုးတက်နှုန်း၊ အတိုးနှုန်း၊ ငွေကြေးဖောင်းပွနှုန်း၊ နိုင်ငံရဲ့စီးပွားရေးသံသရာလည်နေပုံတွေကို လေ့လာထားရပါမယ်။

👉 S____SOCIAL

ဒါကတော့ ကိုယ့် Business က စျေးကွက်ထဲမှာဝင်ပြိးယှဉ်နိုင်၊မယှဉ်နိုင်သိရဖို့ နေရာဒေသတွေ ယဉ်ကျေးမှုတွေကို လေ့လာဆန်းစစ်တာပါ။ Customer တွေရဲ့ လိုအပ်ချက်တွေ နဲ့ သူတို့ဝယ်သင့်တဲ့ အကြောင်းအရင်းတွေပါဝင်ပါမယ်။ အသက်အရွယ်၊ ပတ်ဝန်းကျင်၊ ကျန်းမာရေး၊ ပညာအရေအချင်း ဆိုင်ရာအချက်အလက်တွေကိုထည့်စဉ်းစားပေးရပါမယ်။

👉 T_____TECHNOLOGICAL

Product ကို စျေးကွက်ဆီအရောက်ပို့ဖို့ နည်းလမ်းတွေလေ့လာတာပါ။ နည်းပညာ အဆင့်မြှင့်တာက Product ထုတ်လုပ်မှုကိုအဆင်မြှင့်စေသလို စျေးကွက်ထဲဝင်ရောက်ဖို့လည်း လွယ်ကူစေပါတယ်။ ဒါကြောင့် အစိုးရရဲ့နည်းပညာအပေါ်အသုံးစရိတ်၊ နည်းပညာအဆင့်မြှင့်မှု၊ အင်တာနက်နဲ့ အပြောင်းအလဲတွေကိုပါ လေ့လာဆန်းစစ်ထားဖို့လိုပါမယ်။

-------------------------------------

  ဒီအချက်တွေစုစည်းပြီးတော့စီးပွားရေးလုပ်ငန်းတစ်ခုတိုးတက်အောင်မြင်ဖို့ရာ PEST Analysis နဲ့အမြဲလေ့လာသုံးသပ်ပေးဖို့လိုပါမယ်။ ကုန်ပစ္စည်းတစ်ခုဟာကြော်ငြာကောင်းတိုင်းလည်းရောင်းမကောင်းသလို၊ ပစ္စည်းကောင်းတိုင်းလဲအရောင်းမသွက်နိင်ပါဘူး။ဝယ်သူတွေကမကောင်းတဲ့ပစ္စည်းတစ်ခုကို တစ်ခါပဲသုံးပါတယ်၊၊အကြောင်းအရင်းကတော့ပစ္စည်းတစ်ခုအရည်အသွေးမကောင်းရင်တခြားရွေးချယ်စရာတွေရှိနေ​သေးလို့ပါပဲ။မကောင်းပေမဲ့လည်းထပ်ဝယ်နေကြတယ်ဆိုသေချာပါပြီကံစမ်းပါလို့ သို့မဟုတ် ပုံစံတူပစ္စည်းမျိုးပတ်ဝန်းကျင်မှာအလွယ်တကူမရနိင်လို့ပါ။ကိုယ့်လိုပုံစံတူ၊ ပစ္စည်းတူ၊ ဝန်ဆောင်မူတူ၊အရည်အသွေးမက စျေးနှုန်းပါတူနေရင်တော့ ဆက်ဆံရေးပြေပြစ်တဲ့ဆိုင်မျိူး ပစ္စည်းမျိုးကိုပဲ Customers တွေကရွေးချယ်မှာပါ။

(လူကြီးမင်းတို့ရဲ့စီးပွားရေးလုပ်ငန်းပိုမိုတိုးတက်အောင်မြင်စေဖို့ကျွန်တော်တို့နဲ့ဆက်သွယ်​ပေးပါ၊တစ်ဖက်တစ်လမ်းကနေကူညီပေးဖို့အသင့်စောင့်ကြိုနေပါတယ်)

Contact Us☎+959-969-412669


#WaiYanHein #PEST #Analysis  #BuildYourBrand #FeelTheProfits

 ညဖက် အလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက် ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့ အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု ဖြတ်ရတယ်။ ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတစ်ခုရှေ့ရပ်လိုက်တယ်။

-------------------------------------

အဲ... ဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး “အဖေ.. အဖေ.. သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း” လို့ ပြောလိုက်တယ်။ နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေးစကားကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့တယ်။ ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ “သမီးကလဲ.. သော့ယူသွားဖို့ မေ့ခဲ့ပြန်ပြီလား!” အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။

ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့ သူခိုးတစ်ယောက် ထွက်လာတယ်။ သူခိုးက “ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ မှတ်လောက် သားလောက်အောင် ခြောက်ပစ်ရမယ်” ဆိုပြီး ရယ်နေခဲ့တယ်။

သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။ သူခိုးက “အဘိုးကြီး.. ခင်ဗျား ဘာလုပ်နေတာလဲ” လို့ မေးတော့ အဘိုးအိုက “တောက်.. ဒီလူတွေ ငါ့နာမည်ကို မှားအောင်ရေးကြတယ်ကွာ” လို့ ပြောလိုက်တယ်။

-------------------------------------

အဘိုးအို စကားကိုကြားပြီး သူခိုးထွက်ပြေးသွားခဲ့တယ်။ ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။ အဘိုးအိုက “ငါ့ စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်” လို့ ရေရွတ်လိုက်တယ်။ အဘိုးအို ရေရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း မတော်တဆ ပြုတ်ကျသွားတယ်။

တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့ ခါးညွှတ်လိုက်တော့ ချုံထဲကနေ လက်တစ်ဖက်နဲ့အတူ “ဘယ်ကကောင်လဲကွ.. ငါမှတ်တိုင်ကို လျှောက်ဖျက်နေတာ” ဆိုတဲ့ အသံအသံ ထွက်လာတယ်။ အဘိုးအို ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရပြန်တယ်။

အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့ လူတစ်ယောက် ချုံထဲကနေ ထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့ သံတူရွင်းကိုကောက်ပြီး “သံတူရွင်းရလည်း မဆိုးပါဘူး" ဆိုပြီး ထပြန်သွားတယ်..အဲ့အချိန်မှာဘဲ.. အဲ့ဒီ အဖြစ်အပျက်တွေကို " ဖတ်လိုက်ရတဲ့ ရုပ်ချောချော နဲ့ သရဲ” က ပြုံးနေလေသတဲ့ ...😁😅ဒီထဲမှာကျွန်တော်ဆွေးနွေးတင်ပြပေးချင်တာကတော့ ကျွန်တော့်ရဲ့မိတ်ဆွေသူငယ်ချင်းတွေဟာပြုံးလိုက်ရင် ချစ်ဖို့ကောင်းတယ်ဆိုတာသိလိုက်ရတယ်ဆိုတဲ့အချက်ပါပဲ။ "ရယ်မောခြင်းသည်လူကိုအသက်ရှည်စေသည့်"အတွက်ကြောင့်ဟာသလေးတင်ပြပေးခြင်းဖြစ်ပါတယ်။ဘ၀အမောပြေနိုင်ကြပါစေခင်ဗျာ။

(လူကြီးမင်းတို့ရဲ့စီးပွားရေးလုပ်ငန်းပိုမိုတိုးတက်အောင်မြင်စေဖို့ကျွန်တော်တို့နဲ့ဆက်သွယ်​ပေးပါ၊တစ်ဖက်တစ်လမ်းကနေကူညီပေးဖို့အသင့်စောင့်ကြိုနေပါတယ်)

Contact Us☎+959-969-412669


#WaiYanHein #BusinessPlan #JustJoking😁 #BuildYourBrand #FeelTheProfits